Pages

Subscribe:

Monday 21 May 2012

မောင်ထွန်းဇော်နှင့်သူငယ်ချင်များ၏ နှစ်သစ်မင်္ဂလာ အလှူ

    မင်္ဂလာနှစ်သစ်ကို မင်္ဂလာတရားဖြင့် ကြိုဆိုသောအားဖြင့် ဆွမ်းကပ်ခြင်းအလှူမင်္ဂလာပြုလုပ်ပြီးနောက်
                                   ဆရာတော်နှင့်အတူ မောင်ထွန်းဇော်နှင်သူငယ်ချင်းများအမှတ်တရ

Thursday 17 May 2012

ဥရုဝေလတာင် ပေါ်မှအဆင်း အမောပြေ အပန်းပြေ

                 ညို့ညို့ဆိုင်းဆိုင်း  မှောင်မှိုင်းဆို့ပိတ်  တောရိပ်တောင်နန်း  စိမ်းလန်းစိုပြေ စိမ့်စမ်းရေနှင့်
                          နေချင်စဘွယ် ဖြစ်ခဲသော်လည်း  ခုတော့  ဥရုတောအုပ်-လို့ အမည်မျှသာ

Wednesday 9 May 2012

အန္တဂိုဏ်းဝင် ကျေးဇူးရှင် အဘွား ဒေါ်ကျော့ကျော့နှင့်မိခင်ကြီး ဒေါ်ခင်အေးမူအား ရည်စူး၍ ကျေးဇူးဆပ်ခြင်းအလှူမင်္ဂလာ

                                            ကောင်းရာသုဂတိ ၊ ရောက်နိုင်ပါစေ-ဟုဆုတောင်း၍
              အဘွား ဒေါ်ကျော့ကျော့နှင့်မိခင်ဒေါ်ခင်အေးမူအား ကျေးဇူုးဆပ် ပူဇော်ကန့်တော့သည့်အနေဖြင့်
                          မောင်သော်ကြီး+မစုစုတို့၏  ဆရာတော်အား လှူဘွယ်များ ဆက်ကပ်စဉ်
    

Monday 7 May 2012

သမီးရတနာ သက်မှူးအိမ်၏ (၂)နှစ်ပြည့်မွေးနေ့ မင်္ဂလာ

    မောင်ဝေဖြိုးအောင်+မ၀င်းမမကျော်တို့၏ သမီးရတနာ သက်မှူးအိမ်၏ မွေးနေ့အလှူမင်္ဂလာ
                               အခန်းအနားအပြီး ဆရာတော်နှင့်အမှတ်တရ

ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့ အခန်းအနားသို့ တက်ရောက်ကြသော ဒကာ-ဒကာမများ

                          ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ အခန်းအနားအပြီးတွင် အမှတ်တရ
                       ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ အခန်းအနားအပြီးတွင် အမှတ်တရ
                      ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ အခန်းအနားအပြီးတွင် အမှတ်တရ

ဓမ္မရံသီကျောင်းကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ အခန်းအနား

                ““ ဖွါးသိဟောစံ ၊ ဗျာဒိတ်ခံ ၊မှတ်ရန်ကဆုန်၊လပြည့်ကြုံ”စကားနှင့်အညီ မြတ်ဗုဒ္ဓ၏
                 ထူးခြားသော ဖြစ်တော်များနှင့် စုံညီသော ကဆုန်လပြည့်နေတွင် ဆရာတော်နှင့်
                         တပည့်ဒကာ-ဒကာများ ဗုဒ္ဓရှင်အား ရည်မှန်း၍ ပူဇော်ကြစဉ်

လရိပ်မစန္ဒာဝင်းမိသားစုတို့၏အနေကဇာတင် အခန်းအနားအမှတ်တရ

            လရိပ်မစန္ဒာဝင်းမိသားစုတို့က ပူဇော်လှူဒါန်းအပ်သော  ဓမ္မရံသီကျောင်းရှိ  ရုပ်ပွါးတော် အား
               ဗုဒ္ဓါဘိသေကအနေကဇာတင်အခန်းအနား အပြီး ဆရာတော်နှင့် မစန္ဒာဝင်းလရိပ်မိသားစု

ကိုထွန်းဝင်းမင်း+မနှင်းနှင်းတို့၏ မင်္ဂလာဦးအလှူမင်္ဂလာ

  သံသာလေ ကမ်းတိုင် တူပျော်ပျော် လှမ်းတော့မယ်-ဟု  အတူရေစက် တူတွဲယှက်၍ ချစ်သက်သေ
                                                                 စိုက်ထူလျှက်

ကိုသန်းကျော်ဦး+မမျိုးမျိုးတို့၏ မ၈င်္လာဦးအလှူမဂ်လာ

                           မဂ်လာရက်မြတ်မှ နှစ်တရာတိုင် ပေါင်းရပါစေကြောင်း ဆုတောင်းပတ္ထနာပြု၍
                                 ကိုသန်းကျော်ဦး+မမျိုးမျိုးတို့၏ မင်္ဂလာဦးအလှူ

ကိုသန်းကျော်ဦး+မမျွိုးမျိုးတို့၏ မဂ်လာဦးအလှူ

        ကိုသန်းကျော်ဦး+မမျိုးမျိုးတို့၏ မင်္ဂလာရက်မြတ်မှစ၍ နှစ်တရာတိုင် ပေါင်းရပါစေကြောင်း
                             ဆုတောင်းပတ္ထနာပြု၍ ဆရာတော်အား လှူဘွယ်များ လှူဒါန်းစဉ်

Monday 30 April 2012

ကိုသားငယ်နှင့် မြန်မာ့သမီးပျိုများ၏ မင်္ဂလာနှစ်ဦး အလှူ

    မင်္ဂလာနှစ်သစ်မှာ  လူသစ်စိတ်သစ်ဖြင့်  သစ်လွင်တောက်ပ ၊  အောင်ပန်းရ၍  ၊ထာဝရ အေးချမ်းပါစေ-လို့
      မွန်မြတ်သော စိတ်ထားများဖြင့် မင်္ဂလာနှစ်သစ်ကို မ၈င်္လာရှိစွာ ကြိုဆိုပြီးနောက် အမှတ်တရ

မြန်မာ့သမီးပျိုများ၏နှစ်သစ်ကူး အလှူမင်္ဂလာ


     မင်္ဂလာနှစ်ဆန်း၊ ကိုယ်စိတ်လန်း၍၊ အေးချမ်းဖြာဝေ.....၊အတာရေသို့ ၊အေး...ပါစေ-လို့
                                    တောင်းဆုရည်ရော် ၊ သာဓုခေါ်လျှက်

နှစ်သစ်ကူး အလှူမင်္ဂလာ

              မ၈င်္လာနှစ်သစ်မှာ မင်္ဂလာအပေါင်း ခ-ညောင်းပါစေ-လို့ ကောင်းမြတ်သောဆန္ဒများဖြင့်
                     ကောင်းမှုမဂ်လာဖြင့် မင်္ဂလာနှစ်သစ်ကို ကြိုဆိုပြီးနောက် အမှတ်တရ

Sunday 29 April 2012

ကိုမောင်နိုင်နှင့်သူငယ်ချင်းများ၏ မင်္ဂလာနှစ်သစ်အလှူမင်္ဂလာ

            မ၈င်္လာနှစ်သစ်ဝယ် မင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း ရည်စူး၍ ပရိတ်တရားတော်များ
               နာကြားပြီးနောက် ဆရာတော်များနှင့် ကိုမောင်နိုင်နှင့်သူငယ်ချင်းများ အမှတ်တရ

ကိုသူရထွန်း(ခ)ကိုမောင်မောင်+မနန္ဒာဝင်း(ခ)မကွေးကွေးတို့၏ မင်္ဂလာဦးအလှူမင်္ဂလာ

                   ကိုသူရထွန်း(ခ)ကိုမောင်မောင်+မနန္ဒာဝင်း(ခ)မကွေးကွေးတို့၏ ဓမ္မရံသီကျောင်းတွင်
                                                    မင်္ဂလာဦးဆွမ်းကပ် အမှတ်တရ

Friday 20 April 2012

မင်္ဂလာနှစ်သစ် အမှတ်တရ

                                       လှူဒါန် ပေးလှူပြီးနောက် ဆရာတော်နှင့်အမှတ်တရ
                                         မောင်အောင်သန်းဝင်း+မဋ္ဌေးဋ္ဌေးမော်+မအိမင်းကြူ
                                         မင်္ဂလာနှစ်သစ်မှာ မဂ်လာအပေါင်း ခ-ညောင်းပါစေ

ဆေးခန်းဆောက်လုပ်ရန် နှစ်သစ်အလှူမင်္ဂလာ

                                            ဖခင်ဦးအုံးမောင်+မိခင်ဒေါ်တင်ဥတို့အား အမှူးထား၍
                                  သမီး မဋ္ဌေးဋ္ဌေးမော်က ဆေးခန်းဆောက်လုပ်ရန်ဆရာတော်ကပ်လှူစဉ်

Wednesday 18 April 2012

မင်္ဂလာနှစ်ဦး အလှူမင်္ဂလာ

                                  မင်္ဂလာနှစ်သစ်ကို ကောင်းမှုမ၈င်္လာတရားဖြင့် ကြိုဆိုသောအားဖြင့်
 မောင်ချမ်းသာကို+မညွန့်ညွန့်ဋ္ဌေးနှင့်ဓမ္မမိတ်ဆွေများက ဆရာတော်အား လှူဘွယ်များ ဆက်ကပ်စဉ်
                     မင်္ဂလာနှစ်သစ်မှာ မဂ်လာအပေါင်း ခ-ညောင်း၍ ချမ်းသာပျော်ရွှင်နိုင်ပါစေ

မောင်နေ၀င်းထွဋ်+မမေမီထွန်းတို့၏ မင်္ဂလာကတိသစ္စာပြုလွှာလက်မှတ်ရေးထိုးခြင်းအခန်းအနား

      မ၈င်္လာကတိသစ္စာ ပြုလွှာ လက်မှတ်ရေးထိုးပြီးနောက် ကိုကျော်ဇော(ကိုကြီးစတိုး)ကိုသန်းနိုင်(စိုပြည်)
                                      မမိုး(ကိုကြီးစတိုး)မစိမ့်စိမ့်ဝေ(စိုပြည်)တို့နှင့်အမှတ်တရ
           ရာသက်ပန် ပေါင်းရပါစေကြောင်း ဆုပန်လွှာ သစ္စာပြု၍ ဆရာတော်အား လှူဘွယ်ဝတ္ထုဆက်ကပ်စဉ်
                        ( ချစ်မေတ္တာခိုင်ခိုင် ၊သစ္စာမဏ္ဍိုင်စိုက်၍ ၊ ထာဝရလက်တွဲနိုင်ကြပါစေ)

Friday 13 April 2012

မင်္ဂလာနှစ်ဦး အလှူမင်္ဂလာ

            မင်္ဂလာနှစ်သစ်ကို မင်္ဂလာရှိစွာ ကြိုဆိုသောအားဖြင့် မညိုညိုမာ၊မသော်တာဝင်းနှင့်သူငယ်ချင်းများက
                       သံဃာတော်များအား နို့စိမ်းခေါက်ဆွဲဆွမ်းကပ်လှူခြင်း၊ပရင်တာလှူဒါန်းခြင်း
                        ဆေးပစ္စည်းနှင့်အထွေထွေပစ္စည်းများ လှူဒါန်းခြင်း အမှတ်တရ
                 မင်္ဂလာနှစ်သစ်မှာ မင်္ဂလာအပေါင်း ခ-ညောင်း၍ ပျော်ရွှင်ကြည်နူးနိုင်ပါစေ
                                               

Tuesday 10 April 2012

ကွယ်လွန်သွားကြသော မိခင်ဘခင် ကျေးဇူးရှင်နှင့် ဘိုးဘွားတို့အား ရည်စူး၍ လှူဒါန်းခြင်းမင်္ဂလာ

                   ကွယ်လွန်သွားကြသော ဖခင် ဦးမြဟန်၊မိခင် ဒေါ်စုတီနှင့် ဘိုးဘွားတို့အား   ရည်စူး၍
                ကိုအောင်ဇော်+မကိုင်ရာ တို့က ဆရာတော်အား သင်္ကန်းပရိက္ခရာများ လှူဒါန်းပါ၏
                           မိဘဘိုးဘွားများ ကောင်းရာသုဂတိ ရောက်၍ ပျော်ရွှင်နိုင်ကြပါစေ

Monday 9 April 2012

ဒေါ်အောင်ဆန်းစုကြည်၏ မြင့်မြတ်သော အတွေးအမြင်

အရှေ့တိုင်း ဒီမိုကရေစီ … ရာမယဏ
ဒေါ်အောင်ဆန်းစုကြည်
ဧပြီ ၇၊ ၂၀၁၂
     အရှေ့တိုင်းယဉ်ကျေးမှုနဲ့ ဒီမိုကရေစီနဲ့ မထိုက်တန်ဘူးတို့၊ အရှေ့တိုင်း ယဉ်ကျေးမှုအရ   ပြည်သူလူထုဟာ မိမိကိုယ်မိမိ အုပ်ချုပ်နိုင်တဲ့ အရည်အချင်းမရှိဘူးတို့ ဒီလိုပြောတာတွေ ရှိခဲ့ပါတယ်။ အရင် အပတ်ကဆိုရင် အိန္ဒိယနိုင်ငံက ဇာတ်ကြီး         နှစ်ခုဖြစ်တဲ့ မဟာဘာရတ နဲ့ ရာမယဏ ကို အခြေခံပြီးတော့ အရှေ့တိုင်းယဉ်ကျေးမှုဟာ လူထုရဲ့အခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ၊ လူထုရဲ့အင်အားတွေကိုဘယ်လောက်အလေးထားတယ်ဆိုတာကိုဖော်ပြသွားချင်ပါတယ်လို့ကျမပြောခဲ့ပါတယ်။
            ဒီအပတ်မှာတော့ ရာမယဏ ဇာတ်တော်ကြီးအကြောင်း ကျမပြောပြပါမယ်။ ရာမဇာတ် ဆိုတာဟာ သူတို့အိန္ဒိယမှာ ရာမယဏလို့ ခေါ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံ ယဉ်ကျေးမှုတွေအပေါ်မှာ အင်မတန်မှ သြဇာလွှမ်းမိုးမှုရှိတဲ့ ဇာတ်ကြီးတစ်ခုဖြစ်ပါတယ်။
 ဒီတော့ ဒီဇာတ်ကြီးဟာ ဘာဖြစ်လို့ အရှေ့တိုင်းနိုင်ငံတွေပေါ်မှာ သြဇာလွှမ်းမိုးမှု ရှိသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။ရာမဇာတ်တော်ကြီးဆိုတာ“မင်းကောင်း”အကြောင်းပဲလို့ဒီလိုပဲကျမကမြင်တယ်။ကောင်းတဲ့မင်းများ၊မြင့်မြတ်
တဲ့မင်းများဟာ ဘယ်လိုလုပ်တယ်၊ ဘယ်လိုကိုင်တယ်၊ ဘယ်လိုဆက်ဆံတယ်၊ ဒါ … နိုင်ငံရေးဘက်က ကြည့်ရင်အများကြီးမြင်ပါတယ်။ကျမျနိုင်ငံရေးအမြင်နဲ့ပြောမှာပါ။ ဘာသာရေးအမြင်နဲ့ ပြောမှာမဟုတ်ဘူး၊
 လောကီအမြင်နဲ့ ပြောမှာဖြစ်ပါတယ်။
 ပထမ စပြီးတော့ ဇာတ်ကြောင်း ဆင်လိုက်တဲ့အခါကျတော့ ရာမမင်းသားဟာ၊ ရာမမင်းသားရဲ့ အပြစ်ကြောင့်ပဲ ဆိုပါတော့၊ တောထွက်သွားရတာ ဖြစ်တယ်။ ဒါကတော့ ဗုဒ္ဓဘာသာအမြင်နဲ့ ကြည့်ရင် ၀ဋ်လိုက်တာပေါ့လေ။ ကံ ကံ ၏အကျိုး၊ ကိုယ်လုပ်သလို ကိုယ်ဖြစ်တာ၊ ၀ဋ်လိုက်တဲ့ အကျိုးပေါ့။
 ဒီ … ရာမမင်းသားရဲ့ ခမည်းတော်ကြီးဟာ မင်းသားဘ၀တုန်းက  (ဒါ ဟိန္ဒူဇာတ်တော်ကြီးထဲက ကျမပြောတာနော်၊ ဟိန္ဒူဇာတ်တော်ကြီးထဲကဆိုတော့ မြန်မာများသိတဲ့ ရာမဇာတ်ထက် ပိုပြီး အသေးစိတ် ပါပါတယ်။)သူအရင်မင်းသားဘ၀တုန်းကခါကျတော့ သူတော  ထွက်တယ်တဲ့။   တောလိုက်ထွက်တဲ့အခါမှာ သူက  တောတိရစ္စာန်တကောင်ထင်ပြီးတော့ ချိန်ပြီးတော့ ပစ်လိုက်တာပါ။ တကယ်တမ်း   သွားကြည့်တဲ့ အခါကျတော့တိရစ္စာန်မဟုတ်ဘဲနဲ့လူဖြစ်နေတယ်။အဲဒီလူကလည်းရသေ့လေးပေါ့လေ။(သုဝဏ္ဏသာမဇာတ်နဲ့ နည်းနည်းဆင်တယ်။) သူရဲ့မျက်စိမမြင်တဲ့မိဘအိုကြီးနှစ်ပါးကို လုပ်ကျွေးနေတဲ့ ရသေ့လေး ဖြစ်တယ်။ ရသေ့လေးဟာ သူ့မိဘနှစ်ပါးထံ ခေါ်သွားပါ- ဆိုပြီးတော့ ကွယ်လွန်သွားတယ်။ ကွယ်လွန်သွားတော့ မင်းသားက ရသေ့လေးရဲ့မိဘနှစ်ပါးထံ သွားပြီးတော့ ဒီလိုပဲသူဟာ မှားပြီးတော့ မျှားနဲ့ပစ်လိုက်တာမို့ သူတို့သားဟာကွယ်လွန်သွားပြီလို့ ပြောတော့၊ မိဘများက သူ့ကိုကျိန်ဆဲလိုက်တယ် တဲ့။
        ”သူတို့မှာ အားကိုးစရာဆိုလို့ ဒီသားပဲရှိတယ်။ ဒါကြောင့်မို့လို့ ဒီလို လုပ်ခဲ့တဲ့သူဟာ အသက်ကြီးလာတဲ့အခါကျရင် အားကိုးစရာ သားမရှိဘဲနဲ့ စိတ်ဆင်းဆင်းရဲရဲနဲ့ သေပါစေသောဝ် …….” ဆိုပြီးတော့ ကျိန်ဆဲလိုက်တယ်လို့ ဒီလိုအပြောရှိတယ်။
 နောက်ကျတော့ ဘုရင်ဖြစ်လာပြီး ရာမမင်းသားနဲ့တကွ တခြားသားတော်သုံးပါး ဖွားမြင်တော်မူတယ်။ ရာမမင်းသားဟာ အဘက်ဘက်က တော်တယ်။ မင်းကျင့်တရားဆယ်ပါးနဲ့ အုပ်ချုပ်မယ့် မင်းသားဆိုတဲ့ လက္ထဏာအားလုံးရှိပြီးသား ဖြစ်တယ်။ရာမမင်းသားကို ပြည်သူလူထုကလည်း သိပ်ပြီးတော့ ချစ်တယ်။ မိမိတို့ကိုတနေ့ကျရင်ကောင်းကောင်းမွန်မွန် အုပ်စိုးသွားမယ့် ဘုရင်ကောင်း ဖြစ်လာမယ်ဆိုတာကို လက်ခံပြီးသား ဖြစ်တယ်။
    ဒါပေမယ့် အားလုံးက ဒီလိုလက်ခံထားသော်လည်း ရာမမင်းသားရဲ့ ညီတော် ဘာရတ ရဲ့ မိခင်ဖြစ်တဲ့မိဖုရားဟာလည်းသူ့ရဲ့သားကိုဘုရင်ဖြစ်စေချင်လို့ခမည်းတော်ကြီးကို“အရင်တုန်းကပေးထားတဲ့ကတိအတိုင်း၊သူတောင်း
ထားတဲ့ ဆု ၂ဆုကိုပေးမယ်ဆိုတဲ့ ကတိအတိုင်း၊ သူ့သားကို ဘုရင်မြှောက်ပြီးတော့၊ ရာမမင်းသားကို ၁၄ နှစ်တိုင်တိုင် တောထွက်သွားပါစေ … ” ဆိုပြီးတော့ တောင်းဆိုတယ်။
 တောင်းဆိုတော့ ဘုရင်ကြီးက သူ မလုပ်သင့်တဲ့ ကိစ္စဆိုပြီး ငြင်းတယ်။ ငြင်းပေမယ့်လည်း သူကတိ မတည်ရာရောက်တာပေါ့။အစတုန်းကတော့ဆ၂ဆု-တောင်းနိုင်တယ်၊ တောင်းတာ ပေးမယ်-လို့ ပြောထားပြီးမှ၊ အခုတော့ မပေးတော့ဘူးဆိုတော့ သူဟာအင်မတန် “ကတိပျက်တဲ့မင်း” ….. ။ကတိပျက်တဲ့ဘုရင်ဆိုတာ အင်မတန်မှ ရှက်စရာကောင်းတဲ့ မင်းပဲ၊ ဒီတော့ သူသိပ်ပြီးရှက်တော့ မျက်နှာ မသာယာဘူး။ သားတော်လာတဲ့ အခါကျတော့ မေးတယ် တဲ့၊ ဘာဖြစ်လို့ ဒီလောက်တောင်မှ မျက်နှာ မသာသလဲ..ဆိုတော့ ဘုရင်ကြီးက ဘာမှမပြောခင် ဟိုမိဖုရားက ၀င်ပြီးတော့ပြောလိုက်တယ်။
 ”သူ့ကိုဒီလိုကတိပေးခဲ့တယ်။ အခု ဒီကတိကိုမတည်ပါဘူး” ဆိုပြီးတော့ ၀င်ပြောတော့ ရာမမင်းသားက၊ သားကောင်းများ-ဆိုတာ ဖခင်များရဲ့ကတိ တည်ရေးအတွက် ဦးတည်ပြီးတော့ လုပ်ဆောင်ရမယ်၊ ဒါ့ကြောင့်မို့ ခမည်းတော်ပေးခဲ့တဲ့ ကတိကိုတည်ပါစေ၊ သားတော်   တောထွက်ပါမယ်ဆိုပြီးတော့ တောထွက်ခဲ့တယ်။
  ဒီဇာတ်ဟာ ဘာဖြစ်လို့ လူကြိုက်များခဲ့သလဲဆိုတော့ ဒီဇာတ်ထဲမှာပါတဲ့ မင်းညီမင်းသား   တော်တော်များများဟာ မင်းကောင်းပီသတယ်။ ရာမမင်းသားဟာလည်း မင်းကောင်းဖြစ် မယ့် မင်းသား တစ်ပါးပီသတယ်။ ရှင်ဘုရင်ကြီးကလည်း သူ့ အပြစ်တော့ သူရှိတာပေါ့လေ၊ ဒါပေမယ့် သူတတ်နိုင်သမျှ သူ့တိုင်းပြည်ကို ကောင်းကောင်းမွန်မွန် အုပ်ချုပ်တယ်။ သူ့တိုင်းပြည်ဟာ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ အင်မတန်မှ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ရှိတယ်လို့ဆိုတယ်။
 ရာမမင်းသားရဲ့ ညီတော်ကလည်း သူ့ကိုနန်းပေးမယ်ဆိုတော့ သူကလက်မခံဘူး။ သူ့ရဲ့ နောင်တော်သာလျှင် ဘုရင်ဖြစ်ထိုက်တယ်။ သူဟာနောင်တော်လောက်လည်း အရည်အချင်းမရှိပါဘူး ဆိုပြီးတော့ သူကလက်မခံဘူး။
“ဟာ  … ငါရရင်တော့ ယူလိုက်မယ်” ဆိုတဲ့ စိတ်လုံးလုံးမရှိဘူးနော်။ ဒါတောင်တရားဝင် ပေးတာ၊ လုပြီးတော့ မခွဲနိုင် မခွာနိုင် တွယ်တာနေတာ မဟုတ်ဘူး။
 အဲဒီအချိန်မှာ ရာမမင်းသားဟာ တောထွက်သွားရှာပြီ။ သူရဲ့ညီတော်  ဘာရတ က “နောင်တော်ပြန်လာပါ။ ညီတော်အနေနဲ့ အုပ်ချုပ်နိုင်တဲ့အရည်အချင်းလည်း မရှိဘူး။ အုပ်ချုပ်သင့်တာလည်း မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ပြန်ပြီးတော့ ကြွလာတော်မူပါ … ” ဆိုတော့ ဟိုကငြင်း တယ်။
 ဘာဖြစ်လို့လဲဆိုတော့ “သားကောင်းများဟာ ဖခင်ကတိတည်ရေးအတွက် လုပ်ပေးရမယ်၊ ဖခင်များဟာ အထူးသဖြင့် မင်း ဆိုလို့ရှိရင် ကတိတည်ရတယ်။ ဒါကြောင့်မို့လို့ ၁၄ နှစ်တိုင်တိုင်တော့ သူပြန်မလာဘူး။ ” ဆိုပြီးတော့ နေတဲ့အချိန်မှာ ညီတော်က “သူဟာ ဘုရင်မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့၊ တကယ့်တရားဝင်စစ်မှန်တဲ့ ဘုရင်ဟာ ရာမမင်းသား ဖြစ်ပါတယ်” ဆိုပြီးတော့ပ ပလ္လင်ပေါ်မှာ ဘယ်တော့မှ မထိုင်ဘူး လို့ ဒီလိုပဲပြောတယ်။
 ပလ္လင်ပေါ်မှာ ရာမမင်းသားရဲ့ ဖိနပ်တစ်ရံကို တင်ထားပြီးတော့၊ ဒီမင်းသားဟာ ပလ္လင်အောက် ကနေ  ထိုင်ပြီးတော့ တိုင်းရေးပြည်ရေးကို စီရင်တော်မူတယ်လို့ ဒီလိုပဲအဆိုရှိတယ်။ အဲဒီလောက် သူကလည်း မင်းသားကောင်းများရဲ့ အရည်အချင်းနဲ့ ပြည့်စုံတယ်။
 သူ့ခမည်းတော်ကြီးခမျာတော့ နတ်ရွာစံသွားရှာတယ်၊ စိတ်မကောင်းဖြစ်ပြီးတော့။ ဟိုတုန်းက သူကျိန်ဆဲခံထားရတဲ့ အတိုင်းပဲပေါ့။ သူ့သားတော်ဟာ သူအတွက်ကြောင့် တောထွက်သွားရတယ် ဆိုတဲ့စိတ်နဲ့ ၀မ်းနည်းပက်လက်နဲ့ပဲ နတ်ရွာစံ သွားတယ်။
 နောက်ပိုင်းဇာတ်လမ်းကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများက သိကြပါတယ်။ ရာမမင်းသားနဲ့ သီတာ  မင်းသမီး  တောထွက်သွားတဲ့အချိန်မှာ ပါသွားတာက ရာမမင်းသားရဲ့ညီတော် လက္ထဏ။ ညီတော် လက္ထဏမင်းသားများဆိုတာကလည်းမင်းသားကောင်းများအရည်အချင်းနဲ့အင်မတန်မှ ပြည့်ဝတယ်။သူ့ရဲ့နောင် တော်နဲ့  နောင်တော်ရဲ့ ကြင်ယာတော်ကို သူဘယ်လောက် ကျိုးကျိုးနွံနွံ၊ ကြည်ကြည်င်္ီိုင်္ီို၊   လေးလေး စားစားနဲ့ ပြုစုစောင့်ရှောက်တယ် ဆိုတာ မှတ်တမ်းတင်လောက်တယ်
ညီတော်က “သူဟာ ဘုရင်မဟုတ်ပါဘူး။ ဒီနိုင်ငံရဲ့ စစ်မှန်တဲ့၊ တကယ့်တရားဝင်စစ်မှန်တဲ့ ဘုရင်ဟာ ရာမမင်းသား ဖြစ်ပါတယ်” ဆိုပြီးတော့ ပလ္လင်ပေါ်မှာ ဘယ်တော့မှ မထိုင်ဘူး လို့ ဒီလိုပဲပြောတယ်။

  ဒါ့ကြောင့် တချို့က “နောက်လိုက်ကောင်းဆိုရင် လက္ထဏ မင်းသားလို ဖြစ်သင့်တယ်” လို့ ဒီလိုပဲပြောတယ်။ နောက်လိုက်ကောင်းဆိုရင် ကိုယ့်ရဲ့ခေါင်းဆောင်အပေါ်မှာ အင်မတန်မှ သစ္စာရှိတယ်။ ရဲရဲရင့်ရင့်နဲ့ အကာအကွယ်ပေးတယ်။ သူ့ရဲ့နောင်တော်ကို ချစ်သလိုပဲ၊ သူ့ရဲ့မရီးကိုလည်း အင်မတန်မှ လေးစားတယ်။ အမေတစ်ယောက်လို သူဆက်ဆံတယ်။ ဒီလို … ပြုစုဆက်ဆံပြီးတော့ အရာရာမှာ          ညာလက်ရုံးသဖွယ် နေခဲ့ပြီးတော့၊ ရာမ မင်းသားနဲ့ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးတို့ စစ်တွေဘာတွေ ဖြစ်ကြတဲ့အခါမှာလည်း ရာမ မင်းသားရဲ့ ဘေးကနေပြီးတော့ တချိန်လုံးတိုက်ခဲ့တယ်။
 ဒဿဂီရိဘီလူးနဲ့ ရာမမင်းသားတို့ စစ်ဖြစ်ရတဲ့အကြောင်းကလည်း အများသိပြီးသား ဖြစ်ပါတယ်။ ဒဿဂီရိက သီတာ မင်းသမီးကို ခိုးသွားတယ်။ ခိုးသွားပြီးတော့ ဟာနုမာန် မျောက်မင်းတို့နဲ့ လိုက်ပြီးတော့ တိုက်ကြတယ်။ တိုက်ကြပြီးတော့ အများအားဖြင့် ကျမတို့သိတဲ့ ပုံပြင်တွေမှာဆိုရင် ဒဿဂီရိအပေါ်မှာ အနိုင်ယူပြီးတဲ့အခါကျတော့ ရာမမင်းသား၊ သီတာမင်းသမီး၊ လက္ထဏမင်းသားတို့ ပြန်လာပြီး ရာမမင်းသား ကနေ နန်းပြန်ယူပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားတယ် ဆိုတဲ့သဘောမျိုး ဒီလောက်ပဲသိကြရ တယ်။
 ဒါပေမယ့် ဟိန္ဒူဇာတ်တော်ကြီးမှာက အဲဒီလောက်နဲ့ မပြီးသေးဘူး။ ရာမ မင်းသားဟာ သူ့ရဲ့နေပြည်တော်ကိုပြန်ရောက်သွားပြီဆိုတော့ပြန်ပြီးနန်းတက်တဲ့အခါကျတော့(မင်းကောင်းများဆိုတာက ပြည်သူလူထုရဲ့ စိတ်ထားက ဘယ်လို ရှိတယ်၊ ပြည်သူလူထုထဲမှာ         ဘာတွေပြောနေတယ် ဆိုတာကို အမြဲနားစွင့်၊ နားထောင်နေရတယ်။)
 နားစွင့်၊နားထောင်နေတော့ ဘယ်လိုအသံတွေ ထွက်လာသလဲဆိုတော့ … “သီတာ မိဖုရားဟာ ဒဿဂီရိ ခေါင်းဆယ်လုံးဘီလူးရဲ့ နန်းတော်မှာ ဘယ်လောက် ကြာကြာနေခဲ့ရသလဲ၊ ဒီလိုအခြားသူရဲ့ နန်းတော်ထဲမှာနေခဲ့တဲ့ မိဖုရားဟာ သန့်စင်တယ်လို့ သူတို့မယူဆနိုင်ဘူး။”
 ဒီလို ပောလာတော့ မင်းကောင်းမင်းမြတ်များဆိုတာ ပြည်သူလူထုပြောတာကို လျစ်လျူရှုမထားဘူး။ ငါ့မိန်းမပြောရပါ့မလားဆိုပြီးတော့ အားလုံး အင်းစိန်ထဲ ထည့်လို့မရဘူး။ မင်းကောင်းမင်းမြတ်များဟာ ဒီလိုလုပ်လို့မရဘူး။ မိဖုရားကလည်း သူဟာအင်မတန် ဖြူစင်သန့်ရှင်းပါတယ်။      သူကမကြောက်ပါဘူး။ ဒါကိုပြရဲပါတယ်ဆို ပြီးတော့ မီးပုံထဲကို ဆင်းပြတယ်။
 မီးပုံထဲကို ဆင်းပြီးတော့ပြသော်ငြားလည်း မီးကသူ့ကိုမလောင်ဘူး။ သူ့ရဲ့ဖြူစင်သန့်ရှင်းမှုကြောင့် မီးကလည်းအန္တရာယ်မပြုနိုင်ဘူးလို့ပြလိုက်တဲ့အခါကျတော့လည်းအားလုံးကောင်းသွားပြီလို့ဒီလိုပဲထင်ရတာပေါ့လေ။
 ထင်ရပေမယ့်လည်းဒီကောလာဟလတွေကမငြိမ်းသွားဘူး။ဒဿဂီရိရဲ့နန်းတော်ထဲမှာ နေမိတဲ့မိဖုရားကို ပြန်ပြီးတော့ ကောက်သင့်သလား၊ မကောက်သင့်ဘူးလား၊ အချီအချပြောတာဆိုတာတွေက ဆက်ပြီးတော့ရှိနေတယ်။
 ဆက်ပြီးတော့ရှိနေတဲ့အခါကျတော့ ရာမမင်းက သီတာမိဖုရားကို ပြည်နယ်နှင်ဒဏ် ပေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ပြည်သူလူထုက သံသယရှိပြီဆိုမှဖြင့် သူဘယ်လိုပဲ သူ့စိတ်ထဲမှာရှိရှိ၊ ပြည်သူလူထုရဲ့ အလိုကိုမဆန့်ကျင်ရဘူးတဲ့။ ဒါဟာမင်းကျင့်တရားထဲမှာ တစ်ခုပါတယ်မဟုတ်လား။ ပြည်သူလူထုရဲ့အလိုကို မဆန့်ကျင်ရဘူးဆိုပြီး သီတာ မိဖုရားကို ပြည်နှင်ဒဏ်ပေးလိုက်တယ်။
 ပြည်နှင်ဒဏ်ပေးလိုက်တော့ သီတာမိဖုရားကြီးဟာ တောထဲမှာနေရတယ်။ တောထဲမှာနေစဉ်ပဲ သူ့ရဲ့အမွှာပူး သားတော်လေးနှစ်ပါးကို ဖွားမြင်တော်မူတယ်။ နှစ်ပေါင်းအတော်ကြာတဲ့အခါကျမှ … (ကျမသေသေချာချာ မမှတ်မိဘူး) တောလိုက်ရင်းနဲ့လား၊ ဘယ်လိုလားတော့မသိဘူး၊ ရာမမင်းသားရဲ့ အမတ်ကြီးများဟာဒီသားတော်လေးနှစ်ပါးကိုအကြောင်းပြုပြီးတော့ပြန်ခေါ်တာပေါ့လေ။မိဖုရားကြီးကို ပြန်ပြီးတော့ခေါ်တယ်။
 ပြန်ပြီးတော့ခေါ်ပေမယ့် မိဖုရားကြီးက အင်မတန်မှစိတ်နာတယ်လို့ ပြောရမလားမသိဘူး။ သူဟာဒီလောက်တောင်မှဖြူစင်သန့်ရှင်းလျက်နဲ့မီးထဲဝင်ပြပြီးတော့ ဖြူစင်သန့်ရှင်းပါတယ်ဆိုတာကို ပြနိုင်ခဲ့လျက်နဲ့ ရာမမင်းက သူ့ဘက်ကနေ မရပ်တည်ခဲ့ဘူး။ ပြည်သူလူထုတချို့က ဝေဖန်တာကို လက်ခံပြီးတော့ သူ့အပေါ်မှာဆက်ဆံတာ မတရားခဲ့ဘူးလို့ သူမြင်တယ်။ အဲဒီတော့ သူဘယ်တော့မှ မိဖုရားပြန်မလုပ်ချင်တော့ဘူး။
 သူဟာဒီလိုပဲဖြူစင်တယ်ဆိုတာမှန်ရင် သူ့ရဲ့ဖခင်ဖြစ်တဲ့ မေကြီးဟာ သူ့ကိုပြန်ပြီး သိမ်းပိုက်ပါတော့ ဆိုပြီး အဓှိုာန်လုပ်တဲ့အခါကျတော့၊ ကျမတို့ကတော့ မြေမြိုတယ်၊          မကောင်းဘူးလို့ထင်တယ်နော်။ ဒီလိုအဓိပ္ပာယ်နဲ့မဟုတ်ပါဘူး။မြေမကြီးကနေပြန်ပြီးတော့သိမ်းပိုက်တယ်ဆိုတာနည်းနည်းပြန်ရှင်းပြရမယ်ဆိုရင် ကျမတို့က ဗမာဆိုတော့ သီတာဟာ “ရေ” ၊ ဒါ့ကြောင့် ရေနဲ့ ဆက်နွယ်နေတယ်။
 တကယ်တော့ သူတို့ sankrit စကားအရ Sita ဆိုတာ ရေဆိုတဲ့အဓိပ္ပါယ် မရောက်ပါဘူး။ Sita ဆိုတဲ့အဓိပ္ပါယ်ဟာ သီတာရဲ့ခမည်းတော်ကြီးဖြစ်တဲ့ ဇနက္ကမင်းကြီးဟာ လယ်ထွန်မင်္ဂလာလုပ်နေတုန်းမှာ လယ်ထဲကနေ ဒီခလေးငယ်ငယ်လေး ထွက်လာလို့၊  လယ်ထွန်ရင်းနဲ့ထွက်လာတာမို့ ထွန်ကြောင်းဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။
Sita ဟာ “ပထ၀ီမြေကြီးနတ်ရဲ့သမီးတော်” လို့ ဒီလိုသူတို့အယူရှိတယ်။ ဒါ့ကြောင့်မို့ သူ့ရဲ့ဖခင်ပထ၀ီမြေကြီးဟာ သူ့ကိုပြန်ပြီးတော့ လက်ခံတော်မူပါဆိုတာ ကျမတို့အမြင်နဲ့ ဆိုးလို့မြေမြိုတာ မဟုတ်ဘူးဆိုတာကို နားလည်အောင် ကျမရှင်းပြတာပါ။ အဲဒီတော့ ပထ၀ီမြေကြီးရဲ့မင်းဖြစ်တဲ့ သီတာမိဖုရားရဲ့ ဖခင်အစစ်က ပြန်ပြီးတော့လက်ခံယူရတယ်။ လက်ခံတော်မူတော့ အဲဒီမှာဇာတ်လမ်းက ပြီးသွားတယ်။
 ဒီတော့ဇာတ်လမ်းကကျမတို့စဉ်းစားစရာအများကြီးရှိတယ်။စဉ်းစားစရာရှိတယ်ဆိုတာ နိုင်ငံရေးအမြင်နဲ့ အများကြီးစဉ်းစားစရာရှိတယ်။ဒါကျမတို့အရှေ့တိုင်းမှာအင်မတန်မှသြဇာလွှမ်းမိုးတဲ့ဇာတ်လမ်းတစ်ခုဖြစ်တယ်။ ကျမတို့အရှေ့တိုင်းသူ၊အရှေ့တိုင်းသားတွေဟာ  ဘယ်လောက်နိုင်ငံရေးအမြင်ရင့်ကျက်သလဲဆိုတာကို ပြ တယ် လို့  ကျမတော့ ဒီလိုပဲမြင်တယ်။
 ဘာဖြစ်လို့လဲဆိုတော့ သူဟာအဖြူနဲ့အမဲ၊ အကောင်းနဲ့အဆိုး ဒီလိုချည်းပဲရှိတာ မဟုတ်ဘူး။ ရာမမင်းရဲ့ခမည်းတော်ဆိုရင်လည်းကောင်းတာရှိတယ်၊ဆိုးတာရှိတယ်။အင်မတန်မှကောင်းတဲ့မင်းကြီး  ဖြစ် ခဲ့သော်လည်း သူ့အပြစ်တွေရှိခဲ့တာကြောင့်မို့ ဒီအပြစ်တွေရဲ့ ၀ဋ်ကြွေးကို သူဆပ်သွားရတယ်။
           ရာမမင်းဆိုရင်လည်း အင်မတန်မှကောင်းတဲ့မင်းတစ်ပါးပဲ။ ဒါပေမယ့်လည်း တကယ်ကြည့်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့မိဖုရားကြီးအပေါ်မှာ မျှမျှတတ မဆက်ဆံခဲ့ဘူး။ သီတာမိဖုရားပြောချင်တာက သူဖြူစင်သန့်ရှင်းမှန်း သိရဲ့သားနဲ့ သူများပြောတာတွေ ဘာဖြစ်လို့နားထောင်ရလဲ ဆိုတာကိုပြောတာ၊ ဒီတော့ ဒါကျမတို့အတွက် အများကြီးစဉ်းစားစရာ ဖြစ်တယ်။
 ဒီမိုကရေစီဆိုတာ အကောင်းကြီးပဲ မဟုတ်ဘူး။ သူ့ရဲ့အားနည်းချက်တွေ ရှိတယ်ဆိုတော့ ဒီကိစ္စဟာဒီမိုကရေစီရဲ့ အားနည်းချက်တစ်ခုကို ထောက်ပြတယ်လို့ ကျမပြောချင်တယ်။ အများကနေ အလကားသက်သက် သွားပုတ်လေလွင့်၊ အားအားယားယား    ပြောနေတဲ့ ကိစ္စတွေဟာ တခါတလေ ဒီမိုကရေစီမှာလည်း လွှမ်းမိုးတတ်တယ်။ အဲဒီဟာတွေကို ကျမတို့အများကြီး သတိထားရမယ်။
 ကျမကတော့ထင်တယ်။ အခုခေတ်အခြေအနေဆိုရင် သတင်းစာတွေဘာတွေရှိပြီးတော့ သတင်းစာလွတ်လပ်ခွင့် ရှိတယ်ဆိုရင် သီတာမိဖုရားကြီးဘက်ကနေပြီးတော့ ရေးပေးမယ့် သတင်းစာတွေ အများကြီးရှိမှာပဲလို့ ကျမထင်တယ်။ အဲဒီလိုသာရှိခဲ့ရင် သက်သက် အားအားယားယား အတင်းပြောနေတဲ့လူတွေကြောင့် ဒီမိဖုရားကြီးဟာ     ပြည်နှင်ဒဏ်အပေးခံရမှာ မဟုတ်ဘူးလို့ ကျမက ဒီလိုမြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သီတာမိဖုရားဖက်ကနေ ရပ်တည်တဲ့သတင်းစာတွေက ရေးကြမှာကိုး။
            “ဘယ်နှယ့် မီးထဲဝင်တာတောင်မှ မလောင်တဲ့မိဖုရားဟာ မဖြူစင်ဘဲရှိနိုင်ပါ့မလား။ မင်းတို့မှန်ရင်၊မင်းတို့ရဲရင်၊ စွပ်စွဲနေတဲ့လူတွေ မီးထဲဝင်ကြ … ” လို့ ပြောမှာပေါ့။ စွပ်စွဲနေတဲ့လူတွေကရော မီးထဲကိုဝင်ပြရဲမလား။ ၀င်ရင်ရော သူတို့ဟာ မီးမလောင်ဘဲ နေမလား။ ဒါတွေဟာ အများကြီးစဉ်းစားစရာ ဖြစ်တယ်။
 အဲဒါကြောင့် ရာမဇာတ်တော်ကြီးဟာ နိုင်ငံရေးပညာ အများကြီးပဲ ပါပါတယ်။ ဒါဟာ ကျမတို့ဒီမိုကရေစီ လိုအပ် တယ်ဆိုတာ ကျမတို့ အရှေ့တိုင်းယဉ်ကျေးမှုအရ အထောက်အထားတွေ အများကြီးပြနိုင်ပါတယ်။
 အဲဒီလို အဖက်ဖက်ကပေါ့လေ နိုင်ငံရေးအမြင်နဲ့ စဉ်းစားတဲ့ဇာတ်တွေ ကမ္ဘာမှာနည်းပါတယ်။ အများအားဖြင့် ပုံပြင်တွေ ဒဏဏ္ဍာရီတွေဆိုရင် နောက်ဆုံးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးသွားတာတို့၊ ဒါမှမဟုတ်ရင်လည်း သိပ်ပြီးတော့ စိတ်ညစ်စရာကောင်းတဲ့ဟာတွေဆိုရင်လည်း တစ်ယောက်မှမကျန်အောင် အားလုံးရှင်းလင်း သုတ်သင်ပစ်လိုက်တာတို့ ဒါတွေရှိတတ်ကြတယ်။
 ဒီလိုအဖြူနဲ့အမည်းတင် မဟုတ်ဘဲနဲ့ အဖြူနဲ့အမည်းကြားမှာ မီးခိုးရောင်အမျိုးမျိုးရှိတဲ့ ဇာတ်မျိုးဆိုတာ သိပ်ခေတ်မီတယ်လို့ ပြောနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ အမှန်တရားဟာ   ခေတ် မရှိဘူး ရယ်လို့ ဘယ်တော့မှမဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကျမတို့လိုချင်တဲ့စနစ်ဟာ ကမ္ဘာကြီးတည်သ၍ ဒီစနစ်မျိုးဟာ လိုလားအပ်တဲ့ စနစ်မျိုးကိုဖြစ်မှာပဲ။
 ဒီစနစ်ဟာပြည်သူတွေကိုအကာအကွယ်ပေးတဲ့စနစ်လည်းဖြစ်တယ်၊အစိုးရများကို ကာကွယ်ပေးတဲ့ စနစ်လည်း ဖြစ်တယ်။     တချို့အစိုးရတွေဟာ ဒီလိုဒီမိုကရေစီစနစ်ကို မနှစ်သက်ဘူး၊ ပြည်သူလူထုကိုသာ အကာအကွယ်ပေးတဲ့စနစ်လို့ သူတို့ထင်တယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ဟာ လူတိုင်းလူတိုင်းကို အကာအကွယ်ပေးတဲ့ စနစ်ပါ။
 ကျမတို့ကို တချို့ကမေးတယ်၊ ဒါလည်းအားလုံးသိနေတဲ့ ကိစ္စကြီးပါ။ ဒီမိုကရေစီတက်လို့ရှိရင် ဘယ်သူဘယ်ဝါကို ကလဲ့စားချေမှာလား၊ မေးတယ်။ ကျမကပြောတယ်၊ ကလဲ့စားချေတယ်ဆိုတာ ကျမတို့ရဲ့ “မူ” လည်း မဟုတ်ဘူး။ ဒီမိုကရေစီအရ ကလဲ့စားချေချင်တိုင်း လိုက်ချေလို့ရတာ မဟုတ်ဘူး။ တရားမျှမျှတတ လုပ်ရတာ။
အခုပြောချင်တာက “အရှေ့တိုင်းဒီမိုကရေစီ”။ ဒီမိုကရေစီ အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီကို ဆိုလိုချင်တာ။ အနောက်တိုင်း ဒီမိုကရေစီထက်ပိုပြီးတော့ မေတ္တာတရားနဲ့     ပြည့်ဝတဲ့ ဒီမိုကရေစီလို့ ဒီလိုကျမတို့မြင်ချင်ပါတယ်။ အားလုံးအတွက် ကောင်းတဲ့စနစ် ဖြစ်ရမယ်။
တချို့ကဆိုရင် ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကို နားမလည်ဘူး။ ဒီမိုကရေစီရဲ့အနှစ်သာရကို နားမလည်ဘူး။ အတိုက်အခံများဟာ တိုက်တယ် ခိုက်တယ်ဆိုတာဟာ အာဃာတတရားနဲ့ ဖျက်ဆီးချင်လို့ တိုက်တယ်လို့ထင်ကြတယ်။ ကိုယ့်စိတ်နဲ့ ကိုယ်နှိုင်းတာလည်း ဖြစ်နိုင်တာပေါ့။   အဲဒီလိုစိတ်တွေကလည်း အများကြီးရှိတယ်။ ဒါပေမယ့်ဒါဟာ လုံးလုံးမဟုတ်ဘူး။ အတိုက်အခံများရဲ့ အလုပ်ကိုက အစိုးရမမှားအောင်လုပ်ဖို့ပဲ။
အစိုးရမမှားအောင်ဆိုတော့ အစိုးရမှားနေတာတွေကို ထောက်ပြရမယ်။ ထောက်ပြမှသာလျှင် မမှားအောင်လုပ်နိုင်မှာပေါ့။ ကိုယ်ဘာမှားမှန်း မသိဘူး၊ ဒါမှမဟုတ် သိရင်လည်း ဘယ်သူမှမပြောရဲဘူးဆိုရင် ဆက်ပြီးတော့မှားနေမှာပေါ့။ ဒီတော့ ကျမတို့က အတိုက်အခံဆိုတော့ အတိုက်အခံအလုပ်ပဲလုပ်မှာပဲ။ ဆက်ပြီးတော့ လုပ်မှာပဲ။
ဒီလိုလုပ်တာဟာ ကျမတို့ကတော့ အာဃာတစိတ်နဲ့ လုပ်တာမဟုတ်ဘူး။ ကိုယ့်နှလုံးသားထဲမှာ အာဃာတအင်မတန်မှများနေတဲ့ လူတွေကတော့ ယုံမှာမဟုတ်ဘူး။ ဒါကိုတော့ ကျမတို့ဘာမှ မတတ်နိုင်ဘူး။ အဲဒီနှလုံးသားထဲက အာဃာတတွေကို ဖျောက်လိုက်ပါလို့ ဒါပဲပြောနိုင်တယ်။   ဖျောက်လိုက်ရင်တော့ ယုံနိုင်ပါလိမ့်မယ်။
ဒီမိုကရေစီနိုင်ငံတွေကိုကြည့်ရင် ဒါကိုသိနိုင်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် နောင်ဂျိန်နောင်ဂျိန် ချနေတဲ့သူများဟာ ရွေးကောက်ပွဲပြီးတော့ လက်ဆွဲနှုတ်ဆက်ပြီး၊ ယဉ်ကျေးသိမ်မွေ့တဲ့သူများပီပီ ဆက်ဆံကြတာပါပဲ။ ဒါ ဒီမိုကရေစီစိတ်ဓာတ်ပဲ။ ကျမတို့အရှေ့တိုင်းယဉ်ကျေးမှုအရ ဒီလို လူပီပီနေတဲ့စနစ်ကို အင်မတန်မှလိုလားပါတယ်။ လူတွေကိုလူလို ဆက်ဆံတဲ့စနစ်ကို အင်မတန်မှ လိုလားပါတယ်။ပြည်သူလူထုကို တန်ဖိုးထားတဲ့စနစ်ကို ကျမတို့အရှေ့တိုင်းက အင်မတန်မှ လိုလားပါတယ်။    ။
(မှတ်ချက် – ၁၉၉၅/၉၆ ခုနှစ် မိန့်ခွန်းများမှ ကောက်နှုတ်ဖော်ပြပါသည်။)
သရုပ်ဖော်ပုံများမှာ အင်တာနက်က ကူးယူထားတာဖြစ်သည်၊
(မိုးမခက ၂၀၀၅ တွင်တကြိမ်၊ ၂၀၀၇ တွင်တကြိမ် မိုးမခ၀က်ဆိုက်တွင် ပြန်လည်ဆန်းသစ်ဖော်ပြခဲ့ဖူးသည်။ ယခုလည်း တကြိမ် ထပ်မံဖော်ပြလိုက်ပြန်ပါသည်။ ပြည်တွင်းက ဂျာနယ်ပေါ်က စာမူနှင့် ယခု မူရင်းစာမူ ဘာတွေ ကွဲပြားသည်ကို တိုက်ဆိုက်ဖတ်ရှုကြပါကုန်)

Sunday 8 April 2012

ဂိဇ္ဈကုတ်တောင် ဘုရားရှင်သီတင်းတော်မူခဲ့သော ကျောင်းတော်နေရာ

                                     ဘုရားအာရုံ  ကောင်းစွာထုံ၍  တလုံလဲလဲ  စိတ်မှာစွဲလျှက်

မောင်သိန်းစိုးအောင်+မသဉ္ဇာမျိုးတို့၏ မင်္ဂလာဧည့်ခံပွဲ

          မ၈င်္လာဧည့်ခံပွဲ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသော သူငယ်ချင်းများအား အထူးကျေးဇူးတင်ပါ၏
                                   မိတ်ဆွေကောင်းနှင့် ပေါင်းသင်းရခြင်းသည် အရာရာ အောင်မြင်နိုင်ပါ၏
                                        ဒီလင်ဒီမယား  အိုအောင် မင်းအောင် ရိုးမြေကျ လက်တွဲနိုင်ပါစေ

သာဝတ္ထိပြည်မွန် ဇေတ၀န်ကျောင်း

                      ဘုရားရှင်သီတင်းသုံးတော်မူတော်မူသော နေရာမြတ်ဝယ်  ဘုရားအာရုံ ကောင်စွာထုံ၍ 

ယနေ့ ဗုဒ္ဓဂယာ စေတီအနီး မြင်ကွင်း

                  ရတနာဃရသတ္တာဟအနီးတွင် ပဋ္ဌာန်းရွတ်ဘတ်ပူဇော်နေသော ရွှေမေတ္တာဘုရားဖူးအဖွဲ့နှင့်
                   ကိုယ်ယုံကြည်ရာ ကိုယ်ရည်ရွယ်ချက်ဖြင့် တပင်ပန်းဘုရားရှင်အား ပူဇော်နေသော
                           တိဘက်ဗုဒ္ဓဘာသာဝင် အများအပြားကိုလည်း တွေ့မြင်နိုင်ပါ၏

ကပိလ၀တ်ပြည် တိုင်းဋ္ဌာနီဝယ်

                              ကြီးကြယ်ခန်းနားလှသော ရွှေနန်းတော်ကြီးများကို   အာရုံမျှဖြင့် မှန်းမျှော်ကြည့်ရ၏
                                                               ဘယ်အရာမျှ မတည်မြဲပါတကား
                    ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားနှင့် ဗိမ္ဗာရွှေလှော် ခင်ယသော်တို့၏ ပျော်စံခဲ့ရာ

နာလန္ဒာ တက္ကသိုလ်

                     ရှင်သာရိပုတ္တရာ မထေရမြတ်လို ဘ၀တိုင်းဝယ် ပညာကြွယ်၍ တင့်တယ်ပါရစေ

ရာသက်ပန်ပေါင်းရပါစေကြောင်း ၊ဆုတောင်းပန်ထွာ သစ္စာပြု

                    ရာသက်ပန်ပေါင်းရပါစေကြောင်း ၊ဆုတောင်းပန်ထွာ သစ္စာပြု၍ ဆရာတော်အား
                                          လှူဒါန်းဘွယ်ပစ္စည်းများ  ဆက်ကပ်နေစဉ်
                          တဦးနှင့်တဦး နားလည်ခွင့်လွှတ်စိတ်ဖြင့် ထာဝရ ပေါင်းသင်းနိုင်ပါစေ        

မောင်မျိုးထက်ရှိန်+မခင်နှင်းစိုးတို့၏ မင်္ဂလာဧည့်ခံပွဲ

                          မောင်မျိုးထက်ရှိန်+မခင်နှင်းစိုးတို့၏ မင်္ဂလာဧည့်ခံပွဲတွင် အမှတ်တရ
                           ချစ်မေတ္တာခိုင်ခိုင် ၊ သစ္စာမဏ္ဍိုင်၍ ၊ ထာဝရလက်တွဲနိုင်ကြပါစေ           

အန္တဂိုဏ်းဝင် ဖခင်ကြီး ဦးမျိုးမြင့်အား ရည်စူး၍ ကျေးဇူးဆပ်ခြင်းအလှူမင်္ဂလာ

              အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဖခင်ကြီး ဦးမျိုးမြင့်အား ကျေးဇူးဆပ် ပူဇော်သောအားဖြင့်
            ဒေါက်တာ အောင်ဝင်းဇော်(ဟောင်ကောင်)အောင်မြင့်ဇော်+မခင်ဆွေမာ(မလေးရှား)တို့က
                              ဆရာတော်အား သင်္ကန်းလှူဒါန်းဆက်ကပ်ပါ၏၊
              ဖခင်ကြီးဦးမျိုးမြင့်သည် ရောက်ရာဘ၀ယ် ချမ်းသာကြွယ်၍ တင့်တယ်ပါစေ

မောင်နေ၀င်း+မသူဇာမြတို့၏ မင်္ဂလာဦးဆွမ်းကပ်

                 မောင်နေ၀င်း+မသူဇာမြတို့၏ မင်္ဂလာဦးအလှူမင်္ဂလာတွင် အမှတ်တရ

Saturday 7 April 2012

ကုသိနာရုံ မလ္လာမင်းတို့၏ အင်ကြင်းရ၈ုံဝယ်


                         ကုသိနာရုံ မလ္လာမင်းတို့၏ အင်ကြင်းရဂုံဝယ် ပရိနိဗ္ဗာန် ၀င်စံတော်မူသော
                                       ဘုရားရှင်ထံ  စိတ်ရည်သန်၍   ဝေလျှံ သဒ္ဓါ  စေတနာနှင့်

မုစလိန္ဒာအိုင်ရေကန်နားဝယ်

                             မလေးရှား ရွှေမေတ္တာ ဘုရားဖူးအဖွဲ့  မုစလိန္ဒာ ရေကန်အနီးဝယ်

ရာဇာယတနသတ္တာဟ

                                          ဗောဓိပင်အနီးရှိ ရာဇာယတနသတ္တာဟ

ဝေဘူဆရာတော်၏ သြ၀ါဒ


ရခဲ ကြုံခဲ ထူးကဲ ဒုလ္လဘာ
တရားပျော်မွေ့ မမေ့ဤခါ
ဝိဇ္ဇာမျိုး စိုက်ပျိုး များသူ၊ငါ။

၂။ အ၀ိဇ္ဇာကြီး ဖိစီးနေတာ
ငါပဲ သူပဲ ထင်လွဲကြရှာ
ဒိဋ္ဌိအစွဲ ခိုင်မြဲလို့သာ
တဏှာညစ် အမြစ်ဖြုတ်ကြပါ။

၃။ သီလတရား စောင့်ငြားဦးစွာ
သမာဓိအား ကြီးထွားစေရာ
အာနာပါန ရှုကြသေချာ
ဝါယောဓာတ် တိုးလတ်နှာဖျားမှာ။

၎။ နှာဖျားတိုးထိ သတိချပ်ပါ
အာရုံတစ်ပါး မသွားစေရာ
(ထိ) (သိ) ကိုမှတ် မပြတ်သိပါ
ရုပ်၊ နာမ်ခွဲ မလွဲသိတော့မှာ။

၅။ နှာဖျားတိုးလတ် ရုပ်ဓါတ်ကိုမှီ
တေဇော၊ ၀ါယော၊ အာပေါ၊ ပထ၀ီ
ပေါင်းစုဖွဲ့စည်း ဓာတ်ကြီးလေးလီ
ရုပ်တရား မှတ်သား မြတ်ယောဂီ။

၆။ တွေ့ထိ၊ သိ၊ မှတ်၊ နာမ်ဓာတ်အမည်
ရုပ်နှင့်နာမ်ပဲ မလွဲရှိသည်
ဆောက်တည်မရ ဖြစ်က ပျက်မည်
အနိစ္စ ဒုက္ခ ထင်ရှားသည်။

၇။ ရုပ်ဓာတ်ပေါင်းလတ် နာမ်ဓာတ်သိရှာ
ရုပ်နှင့်နာမ်ပေါင်း ကြောင်းကျိုးဆက်ကာ
ဖြစ်ပေါ် ပျက်မြဲ မလွဲသေချာ
ပရမတ် အတပ်တွေ့ကြမှာ။

၈။ အနှစ်သာရ ရှာက ဗလာ
အနတ္တပဲ မလွဲသိတာ
ယုံမှားရှစ်ပါး ကင်းငြား သေချာ
မြဲဂတိ ကင်းဘိ အပါယ်ရွာ။


Friday 6 April 2012

အန္တဂိုဏ်းဝင်ကျေးဇူးရှင် ဖခင်ကြီး ဦးခင်မောင်+မိခင် ဒေါ်မြသွင်၊အကို ကိုမျိုးသန့်ဇော်တို့အား ရည်စူး၍ ကိုညီညီ+မသဲသဲတို့၏အလှူ

            ကွယ်လွန်သွားသော ဖခင် ဦးခင်မောင်+မိခင် ဒေါ်မြသွင် အကို ကိုမျိုးသန့်ဇော်တို့အား
               ရည်စူး၍ ကိုညီညီ+မသဲသဲတို့က ဆရာတော်အား သင်္ကန်းပရိက္ခရာဆက်ကပ်လှူဒါန်းပါ၏
                  ဖေဖေမေမေနှင့်အကိုတို့သည် ကောင်းမြတ်သောဘုံဘ၀၌ ပျော်ရျွင် ချမ်းမြေ့ နိုင်ကြပါစေ
                                      ကိုအေးထွန်း(ခ)ကိုဂျော်နီ+ မ၀သုန်ထွန်းမိသားစု